Knowledge တွေကို စာအုပ်ထဲမှာပဲ မစုပါနဲ့။
Knowledge ဆိုတာ နှစ်မျိုး ရှိပါတယ်။ Intelligence ဆိုတာ Knowledge မရှိပဲနဲ့ မရနိုင်ဘူး။
Knowledge လို့ပြောရင် စာအုပ်ထဲက အကြောင်းအရာတွေကို ဖတ်ပြီးတော့ သိလာတဲ့အသိကိုပဲ ပြောတာ မဟုတ်ဘူး။ Experience ကကြောင့် ဖြစ်လာတဲ့ အသိကိုလည်း Knowledge လို့ခေါ်တယ်။ ဒီ Knowledge အကြောင်းတွေကို Knowledge Management လေ့လာကြည့်ရင် တွေ့ရလိမ့်မယ်။ စာအုပ်ထဲက ၊ Note တစ်ခုက ၊ Post တစ်ခုနေ သိလာတဲ့ Knowledge ကို Explicit လို့ခေါ်တယ်။ Experience ကနေ သိလာတဲ့ အသိကိုတော့ Tacit Knowledge လို့ခေါ်တယ်။ အတိုချုပ်ပြောရရင်တော့ Document တစ်ခုကနေ သိလာတဲ့ အသိကို Explicit Knowledge ၊ ထပ်ခါတလဲလဲ လုပ်ရင်း Experience ကနေ သိလာတဲ့ အသိကိုတော့ Tacit Knowledge လို့ခေါ်တယ်။
Tacit Knowledge မရှိရင် ရွာလည်မယ်။
ဥပမာ Programming ကို လေ့လာလို့ Program Syntax တွေသိလာတယ်။ ဘယ်နေရာဆိုရင် ဘယ်လို Syntax ကိုအသုံးပြုရမယ်ဆိုတာ သိတာမျိုးကို Explicit လို့ခေါ်တယ်။
Explicit Pattern က Learn > Think > Do
Seinor Dev တစ်ယောက်က Error နဲ့ပတ်သက်တဲ့ Log ကို မကြည့်ခင်မှာ၊ Issue ရဲ့ Behaviour ကို ကြည့်တာနဲ့ သူ့မှာရှိတဲ့ Experience နဲ့ “ဒီ Issue က Thread Starvation နဲ့တူတယ်။” လို့ပြောနိုင်တာ Tacit Knowledge ဖြစ်တယ်။
Tacit Pattern က Do > Fail > Feedback > Intuition
ဒါကြောင့် အလုပ်တွေကိုခေါ်တဲ့အခါမှာ Tacit Knowledge ရှိတဲ့လူတွေကို ခေါ်ကြတာဖြစ်တယ်။ လက်တွေ့မလုပ်ဖူးပဲ၊ Issue တွေမကြုံဖူးပဲ Tacit Knowledge ကိုရဖို့ ခဲယဉ်းတယ်။ လုပ်ငန်းခွင်တွေမှာလဲ အလုပ်ထွက်တော့မယ့် Employee က သူ့အစားအလုပ်ဝင်လာတဲ့ Employee ကို Knowledge Tranfer သေချာမလုပ်ခဲ့ရင်၊ အသစ်ဝင်လာတဲ့သူမှာ လုံလောက်တဲ့ Tacit Knowledge မရှိခဲ့ရင် သေချာပေါက် ရွာလည်တော့တာပဲ။ Experience ရှိတဲ့သူတောင် အလုပ်အသစ်ဝင်ရင် အသားကျဖို့အချိန်တစ်ခုယူရတယ်။
ပြန်ရှင်းပြဖို့ တော်တော်ခက်တဲ့ Tacit Knowledge
လုပ်ငန်းခွင်တွေမှာ Knowledge Transfer လုပ်တဲ့အခါ အပြည့်အဝလုပ်ဖို့ တကယ်ခက်ခဲလေ့ရှိတယ်။ ဘာကြောင့်လည်းဆိုတော့ Tacit Knowledge တွေအကုန်လုံးကို Data Transfer လုပ်သလို လုပ်လို့မရသလို၊ အချို့ Tacit Knowledge တွေက ပြန်ရှင်းပြဖို့ တော်တော်ခက်တယ်။ ကျောင်းတုန်းက Knowledge Management သင်တဲ့ဆရာပြောတဲ့ ဥပမာတစ်ခုက Cheese Factory တစ်ခုမှာ နှစ်ပေါင်းများစွာ အလုပ်လုပ်တဲ့ Senior တစ်ယောက်ရှိတယ်။ သူက Cheese ရဲ့ Taste အနည်းငယ်ကို လက်နဲ့တို့ပြီး တစ်ခါပဲ အရသာခံကြည့်လိုက်တာနဲ့ ရောင်းဖို့ဈေးကွက်ဝင် အနေအထားဖြစ်နေပြီဆိုတာ တန်းသိတယ်။ အဲ့ဒီလူ အလုပ်ကနားတော့မယ်ဆိုတော့ သူ့ဘယ်လို Teste ကို အရသာခံပြီး ဘယ်လိုသိတယ်ဆိုတာ နောက်လူကို Knowledge Transfer လုပ်ဖို့ ခက်ခဲခဲ့တယ်။ အဲ့လိုပဲ Tech Industry မှာလည်း System တစ်ခု Timeout ဖြစ်တယ်။ ဘာကြောင့်ဖြစ်လဲဆိုတာ အလွယ်တကူရှင်းပြလို့ရပေမယ့် အပြည့်အစုံရှင်းပြဖို့ ခက်ခဲတယ်။ ဘာလို့လည်းဆိုတော့ Tacit က Experience ကနေဖြစ်လာတဲ့ Memory Pattern ပုံစံဖြစ်နေလို့။
Tacit Knowledge က Intelligence လား။
Tacit Knowledge နဲ့ Intelligence က တူသလိုလိုရှိပေမယ့် Concept အရတော့ မတူဘူး။ Intelligence မှာ Cognitive Ability (သိမြင်နိုင်စွမ်း) ပါလာတယ်။ လူတွေမှာ Intelligence Level က တစ်ယောက်နဲ့ တစ်ယောက် မတူကြဘူး။ Level မတူတာက Tacit Knowledge ကို Absorb လုပ်ယူနိုင်စွမ်းမှာ ကွာခြားသွားတယ်။ Level မြင့်တဲ့သူက ပိုပြီး Absorb လုပ်နိုင်တယ်။ အတိုချုပ်ပြောရရင် Explicit နဲ့ Tacit နှစ်ခုပေါင်းပြီး အသစ်အသစ်တွေ ဖန်တီးနိုင်တာကို Intelligence လို့ခေါ်တယ်။ သူကပဲ Reasoning နဲ့ Adaptation လုပ်တယ်။ မကြုံဖူးတဲ့ Unknown Issue ကို Analyze လုပ်နိုင်တယ်။ Abstraction လုပ်နိုင်တယ်။ ဒါကြောင့် Intelligence ကို Knowledge လို့ပြောလို့မရဘူး။ ဆက်စပ်မှုတော့ရှိတယ်။ Knowledge တွေမရှိပဲနဲ့ Intelligence ကနေ အသစ်အသစ်တွေ မထုတ်နိုင်ဘူး။ AI မှာ တကယ် Intelligence ရှိ၊ မရှိကို Debate တွေရှိတယ်။ ဘာလို့လည်းဆိုတော့ AI Model က Explicit တွေကို သင်မထားဘူး သူသိတာ Huge Information တွေရဲ့ Pattern တွေကိုပဲသိတာ။ ဒါကြောင့် အချို့ Research တွေမှာ Human ရဲ့ Intelligence နဲ့မတူလို့ Intelligence-Like Behavior ဆိုပြီးပြောကြတယ်။
Company တွေမှာ Knowledge ကို ဘယ်လိုသိမ်းလဲ။
Company တိုင်းမှာ Organizational Memory (OM) ဆိုတာရှိတယ်။ Company ထဲမှာ Cycle ဖြစ်နေတဲ့ Data နဲ့ Information တွေအပြင် Knowledge တွေလည်းပါတယ်။ OM ပေါ်မှာမူတည်ပြီး Company တစ်ခုက Decision Making လုပ်တာအပါအဝင်၊ Company ရဲ့ Innovative ဖြစ်တဲ့ Product တွေထုတ်နိုင်မှုတွေမှာ သက်ရောက်မှုရှိတယ်။ အဲ့ဒီတော့ Company တွေမှာ Knowledge တွေကို မဖြစ်မနေသိမ်းထားဖို့အတွက် Tool တွေကို အသုံးပြုရတယ်။ ဥပမာ Notion ၊ Jira ၊ Confluence ဆိုတဲ့ Tool တွေက Knowledge Management အတွက် အသုံးပြုတဲ့ Tool တွေဖြစ်တယ်။ Issue တွေတစ်ခုဖြစ်ရင် အဲဒီ Issue အတွက် Ticket တွေဖွင့်တယ်၊ Wiki တွေရေးတယ်၊ Guide တွေရေးတယ် စတာတွေက Company တွေမှာ Knowledge တွေကို သိမ်းဆည်းတာဖြစ်တယ်။ အဲ့မှာတွေ့ရတဲ့ အခက်အခဲအချို့က Employee တွေမှာ အချိန်ပြည့်အလုပ်တွေ ပြည့်နေရင် သူတို့ကြုံတွေ့ပြီး ဖြေရှင်းခဲ့တဲ့အကြောင်းအရာတွေကို အသေးစိတ်မရေးနိုင်တဲ့အခါ၊ နောက်ပိုင်းမှာ အဲ့ဒီ Knowledge ကိုဖတ်ပြီး နားမလည်တာ၊ မရှင်းလင်းတာမျိုးတွေလည်း ဖြစ်နိုင်တယ်။ Experience ရှိတဲ့ Employee ဆိုရင်တော့ ပုံဖေါ်ပြီး နားလည်နိုင်တယ်။
အနှစ်ချုပ်
Knowledge လို့ပြောရင် Explicit နဲ့ Tacit ဆိုပြီး (၂) မျိုးရှိတယ်။ ဒီနှစ်မျိုးပေါင်းစပ်ပြီး ဖြစ်ပေါ်လာတာကို Intelligence လို့ခေါ်တယ်။ Knowledge က လူတိုင်းအတွက် အရေးပါသလို Company တွေအတွက်လည်း Organizational Memory ဖြစ်တာကြောင့် အရေးပါတယ်။ Knowledge ကိုစုတဲ့အခါမှာ Explicit မှာပဲရပ်မနေပဲ၊ Tacit Knowledge ကိုရဖို့၊ စုဆောင်းဖို့အထိ ဆက်သွားဖို့လိုတယ်။


